ဇလပ်ထက်နီ -
၁၀၂ မိုင် ဝေးသည့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ မတူပီမြို့အကြား ကားနှစ်စီး ရှေ့ဆင့်နောက်ဆင့် ပြေးနေသည်။ ချင်းအမျိုးသားတပ်ဦးသည် အနာဂါတ်ပြည်ထောင်စု ဖွဲ့စည်း တည်ဆောက်ရေးဆိုင်ရာ လူထု သဘောထား စစ်တမ်း ကောက်ယူဖို့အတွက် ၂၀၁၃ ခုနှစ် ဧပြီလ နောက်ဆုံးပတ်ကတည်းက ချင်း ပြည်နယ်တောင်ပိုင်း ခရီးစဉ် ကို စ တင်ခဲ့ကြ ရာမှာ ကျတော်သတင်း မှတ်တမ်းအတွက်ပါဝင်ခဲ့ခြင်းဖြစ်
မတူပီမြို့ကို သွားဖို့ မင်းတပ်ကနေ နံနက် ၇ နာရီတိတိမှာ ခရီးစထွက်လာခဲ့ကြတယ်၊ အဖွဲ့ဝင် အားလုံး (၈) ဦးပေါ့၊ လမ်း တလျှောက်မှာ စိမ်းစိုနေတဲ့ တောအုပ်တွေတွေ့ရသလို ၀သုန်မိုးဦးလေကြောင့် ရနံ့သင်းနေတဲ့ ထင်းရူးတောနဲ့ အတူ တောင်ဇလပ်နဲ့ချယ်ရီပင်တွေအစီအရီ
တက္ကသိုလ်ကျောင်းသားဘ၀၊ ၁၉၈၈ အရေးအခင်း မတိုင်ခင် အနည်းဆုံး နှစ်ရက်ကြာသွားနေရတဲ့ အဆိုပါကားလမ်းဟာ ခုချိန်မှာ နေ့တ၀က်နဲ့ချက်ချင်း ပေါက်နေတာက အင်မတန်မှ ကျေနပ်အားရစရာပါ၊ တောတောင်တလျှောက် မြေလိမ်မြွေ ကောက် ကား လမ်းလေး အဝေးကနေကြည့်လိုက်ယင် လှချင်တိုင်းလှနေတော့တယ်၊
ဆလိုင်းသောနက “ မြေနီလမ်းကလေးကြည့်လိုက်ယင် ကားလေးစီးတော့ဖုံထလာ၊ ဒါဟာလည်း ချင်းပြည်ရဲ့ အလှတခု ပါတဲ့” ယခု မင်းတပ် – မတူပီကားလမ်းဟာ ကတ္တရာ လမ်းခင်းထားပြီ၊ ဖုံတွေ သိပ်မထတော့ပါ၊ ယခင်က မြေနီ လမ်း ကြမ်း ကလေး ယခု ကတ္တရာလမ်းဖြင့် အစားထိုးနေပြီ၊ ယခုလက်ရှိ ချင်း ပြည်နယ် လမ်းပန်းဆက် သွယ်ရေး ၀န်ကြီး ပူး ငွန် ဆန်း အောင်ရဲ့ လက်ရာပါ၊
အင်မတန်ရိုးသားပြီး ခင်ချင်စရာကောင်းတဲ့ ကျတော်တို့ရှေ့ကားမောင်းသူ ကို နိုင်နိုင် တကယ်အလိုက်သိတယ်၊ ရှုခင်းလှ လှလေးတွေ တွေ့တိုင်း ကားကို ရပ်ရပ်ပေးတတ်တယ်၊ အဲဒီမှာ ကင်မရာတွေနဲ့ မှတ်မှတ်ယယအဖြစ်တွေ ကျတော့်တ သက်တာ အတွက် အမှတ်တရပေါ့။
ဒေါက်တာလျန်မှုန်းဆာခေါင်းကမူ မောပီ မရောက်ခင်တောင်ပေါ် တနေရာမှာ ကားကိုခဏရပ်ခိုင်းပြီး အဆိုပါ နေရာကို Van Lai tlang လို့ အမည် မှည့်လိုက်သေးတယ်။ အားလုံးသဘောတူလက်ခုပ်တီးကြသေး
ကားလမ်းတလျှောက် စကားစမြည်တွေဖွဲ့ယင်း ခဏ နားချိန်မှာ ကိုယ့်ကင်မရာကို ထုတ်ပြီး ရှုခင်းတနေရာကို လှမ်းချိန် လိုက်တော့ တောင်ကုန်း မဲမဲတခု ကင်မရာဖန်သားမှာပေါ်လာတယ်၊ ကျတော် တချက်တန့်သွားတယ်၊ တောင်ကုန်း ပေါ်မှာ သစ်သားနဲ့ စိုက်ထူထားတဲ့ မီးလောင်ပြီး လက်ဝါးကားတိုင် မည်းမည်းကို လှမ်းတွေ့ လိုက်သည်။ မနေ နိုင်လို့ ကင်မရာကို တချက်နှိပ်လိုက်တယ်။
ဒီမောပီ၊ ချိုးတို့ဒေသ သဘာဝတောတောင်အလှဟာ ဘယ်ချိန်ဘယ်ကာလအထိ ခိုင်ခန့်တည်တံ့နိုင်မလဲ၊ သဘာဝ တော တောင်ရဲ့ အလှကို တောမီးခိုးက အကျည်းတန်ဖျက်ဆီးသွားတယ်၊ သူ့သဘာဝအတိုင်းရှိနေတဲ့ တောတောင် ဟာ တောမီး ခိုး ကြောင့် အသက်ရှုမွန်းကျပ်နေတယ်။ တရားခံက ပြည်သူပဲမဟုတ်ပေဘူးလား၊ သူ့နဂိုအတိုင်း လှနေတဲ့သဘာ ၀အလှကို ဘာဖြစ်လို့ ဖျက်ဆီးနေကြရတာလဲ၊
“ တောမီးကြောင့် ချင်းတောင်မှာ သဘာဝသစ်တောတွေပျက်စီးနေပြီး ချောင်းရေတွေ တနှစ်ထက်တနှစ်နည်းနည်းလာ တယ် ” လို့ မတူပီကျေးလက်ဒေသလူငယ်တဦးက ပြောပါတယ်၊
ချင်းပြည်သူလူထုဟာ ရွှေ့ပြောင်းတောင်ယာစနစ်နဲ့ အသက်မွေးဝမ်းကျောင်းနေရတော့အခါ ယာမီးရှို့နေရတာ အထူးမ ပြောလိုပါ၊ ယာမီးရှို့တယ်ပဲထားပါ၊ မီးတားလမ်းတော့ အတတ်နိုင်ဆုံးလုပ်သင့်ပါတယ်၊ မီးတားလမ်းလုပ်ပြီးမှ မီးကူးမိတာ ဆိုယင် တမျိုးပေါ့၊ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ဒေသ ရေရှည်ရပ်တည်ရေးကို ကိုယ်ကိုယ်တိုင်ကပဲ ကာကွယ် ထိန်း သိမ်း သင့်တယ်မဟုတ်ဘူးလား၊
“ တောင်ယာမှ မလုပ်ယင် ဘာနဲ့လုပ်စားမလဲ၊ အမြဲတမ်းစိုက်ကွက်လည်းမရှိ၊ တခြား စီးပွားရေးလုပ်စရာ လည်းမသိဆို တော့၊ မသိ သလိုလုပ်နေတာပါဗျာ” လို့ ဒေသခံတဦးကတော့ ပြောခဲ့ပါတယ်၊
ချင်းတောင်သဘာဝပတ်ဝန်းကျင်ထိန်း
တခုဆိုးတာက ကားလမ်း ပျက်ယင် အောက်ခံအတွက် ဇလပ်ပင်ကို ခုတ်လှဲပြီး ကားလမ်းကို ပြင်နေကြတာကိုပါ၊ ဒါတင်မကပါ၊ လမ်းဘေးကျေးရွာလေး တရွာမှာ ဇလပ်ဝိုင်ဆိုပြီးရောင်းကြတယ်၊ ဇလပ်ပန်းကို ၀ိုင်အဖြစ်ထုတ် လုပ်ကြ တယ်ဆိုပဲ၊ ချင်းတောင်မှာ ဇလပ်ပန်းတွေပြုန်းမှာကိုတော့ ၀မ်းနည်းစရာ၊
ညနေ ၃း၀၀ နာရီလောက်မှာ ကျတော်တို့အဖွဲ့တွေ မတူပီမြို့မှ ၃ မိုင်အကွာ ဘုံတလာရေတံခွန်မြစ်ဖျားခံရာ လေမျိုမြစ်မှာ ရေမိုးချိုးကြတယ်၊ ငယ်တုန်းက ရေကစား မတူရိုးရာမိုးခေါ်ငါးဖမ်းပွဲတွေ
“ ငါးတွေမရှိတော့ဘူး၊ ငါးမပြောနဲ့၊ ပုဇွန်တွေ၊ ပုဇွန်လုံးတွေက အစ ဒိုင်နမိုနဲ့အကုန်ဖမ်းသွားကြတယ်
ချင်းပြည်နဲ့အ၀ှမ်း ရေသတ္တ၀ါတွေ အဆိပ်ခပ်သတ်လို့ မျိုးပြုတ်စပြုနေပြီ၊ အဖိုးတန်သစ်ခွတွေ လဲ ကုန်နေပါပြီ၊ ဒါတောင် အပင်တက်ခူးတာမဟုတ်ပဲ သစ်ခွတွယ်ကပ်တဲ့ အပင်ကြီးကို အရင်းကနေဖြတ် ခုတ်ခူးရသေးတယ် ဗျာ၊
ယနေ့ကမ္ဘာမှာ နေရာ ပျောက်လို့ အမျိုးပျောက်လူမျိုးတွေ ရှိနေတာကိုတော့ သတိထားသင့်ပါတယ်၊ ကိုယ့် ချင်းလူမျိုး ပျောက်မှာကိုတော့ ဘယ်သူမှ လိုချင်ကြလိမ့်မယ်မထင်ပါ၊ အမျိုးသားရေး ဒို့အရေးလို့ ပါးစပ်က အော်နေပေမဲ့ လက်တွေ့ အလိုအပ်ဆုံးက ကိုယ့်မြေ၊ ကိုယ့်ရေတောတောင်သဘာဝ ရှင်သန်တည်မြဲနေတာက အဓိကပါ၊
ယနေ့ချင်းလူမျိုးတို့ရဲ့ တန်ဖိုးအထားဆုံး တိရိစ္ဆာန်တွေဟာ နွားနောက်၊ ဆင်၊ ကျား၊ ၀က်ဝံ၊ ဂျီ၊ မျောက်အမျိုးမျိုး နဲ့ အောက်ချင်းငှက်တွေပါ၊ ဒါတင်မကပါ၊ ချင်းတောင်ဟာ တောတောင်ရေမြေထူထပ်တဲ့အတွက် တောရိုင်းတိရိစ္ဆာန်ပေါများ တဲ့ နယ်မြေပါ၊ ယခု သူတို့ ဈန်ပျော်ကျက်စားရာ တောတောင်တွေဟာ ယာမီးကြောင့် ပျက်သုဉ်းနေပါပြီ၊
ဆင်းရဲမွဲတေမှုရဲ့ ၇၀ ရာခိုင်နှုန်းအောက်ရောက်နေတဲ့ချ
Source - Khonumthung
No comments:
Post a Comment