You are warmly welcome to Awecyalaenue, Awecyalaenue kyate kae vah dweng haw

Thursday, May 16, 2013

ကျွန်တော်ချစ်တဲ့ ချင်းတောင်တန်းကြီး

ChinHillPoem   
                 

 ကျွန်တော်ချစ်တဲ့
 ချင်းတောင်တန်းကြီးလေ
အဲဒီတောင်တန်းကြီးဟာ သမိုင်းမဝင်ခဲ့ပါဘူး
နာမည်မကျော်ခဲ့ပါဘူး..။
သူပေးဆပ်ခဲ့ရတဲ့အချိန်တွေ လတွေကို ဘယ်သူမှ မသိပါဘူး
သူဟာဘယ်သူမှမသိတဲ့ ပေးဆပ်သူပဲဖြစ်ချင်တယ်တဲ့လေ..။
ကျွန်တော်ချစ်တဲ့ ချင်းတောင်တန်းကြီးလေ သူဟာ..
ကျွန်တော်တို့ ချင်းလူမျိုးတွေအတွက် အဖေဆိုလည်း အဖေ
အမေဆိုလည်းအမေ မားမားမတ်မတ်ရပ်တည်ပေးခဲ့သူပါ။
သူရဲ့ပိုင်ဆိုင်မှုတွေက လူတွေရဲ့ရမက်မီးတွေ အတ္တတွေ
သူပြန်ပေးတာက နူးညံ့တဲ့ အကြင်နာလက်တစ်စုံရယ်ပါ။
ဒီလိုနဲ့ပဲ ကျွန်တော်ချစ်တဲ့ ချင်းတောင်တန်းကြီးကို
နှုတ်မဆက်ဘဲ ထွက်သွားတဲ့လူတွေရှိသလို လက်ပြပြီး ထွက်သွားတဲ့သူတွေရှိပါတယ်။
အဲလိုချိန်တွေဆို ကျွန်တော်ချစ်တဲ့ ချင်းတောင်တန်းကြီးက
မျက်ရည်စက်တွေနဲ့ ဝမ်းနည်းနေတတ်ပါတယ်..။
အချိန်တွေကုန်တာမြန်လေ သူပေးဆပ်တာတွေ များလေလေ
သူရရှိတာက ဝမ်းနည်းမှုတွေ ရက်စက်မှုတွေ
ဒါပေမဲ့ ..ပေးဆပ်သူတို့ နှလုံးသားကတော့ ဘယ်တော့မှ မှေးမသွားပါဘူး။

Source -Yoma

No comments: